ကျနော်ချစ်သော သူလေး
အချိန်တွေ တနှစ်ပြီး တနှစ် ပြောင်းလဲခဲ့ပြန်ပေါ့.. ဘာလိုလိုနဲ့ သူလေးနဲ့ မတွေ့တာတောင် တော်တော်ကိုကြာနေရောပေါ့
အခုလို အချိန်မှာဆို သူလေး တစ်ယောက်ထဲ ပျင်းနေရှာတော့မယ်လေ.. သူလေးကို ဘယ်သူမှာ ဂရုစိုက်မှာ မဟုတ်လောက်ပါဘူး ကျနော်အိမ်သားတွေအားလုံးကတော့ သူလေးရှိတယ်လို့ကို ထင်မဟုတ်ပါဘူးဗျာ... တခါတလေတော့ သူလေးကို လွမ်းနေမိတယ်ဗျာ ဒီလိုတောင်ကြီးဆောင်းတွင်း ရောက်ရင် ပိုလိုတောင်သတိရသေးတယ် မနက်စောစော သူလေးနဲ့ အတူတူသွားတယ်.. သူလေးနဲ့ ကစားတယ်လေ.. ကျနော်သူငယ်ချင်းတွေကလဲ သူလေးကို တော်တော်ချစ်ပါတယ်.. ဒါပေမဲ့ ကျနော်မရှိတော့တဲ့ အချိန်ကစပြီး သူငယ်ချင်းတွေလဲ သူလေးနားလာတော့မှာ မဟုတ်ပါဘူးဗျာ... နေ့လည်ရောက်ပြီးဆိုရင်တော့ သူလေးကို ကျနော်တို့အနားပေးပါတယ်.. သူလေးကတော့ မနားချင်ပါဘူး သူက ကျနော်ရဲ့ အထိအတွေ့လေးတွေကိုတောင်သာယာတတ်နေပြီလေ..
မှတ်မှတ်ရရ သူလေးကျနော်ဆီရောက်လာတာက ကျနော် (၉)တန်းအောင်တဲ့နှစ်ပေါ့.. အဲမှာ အမေက သူလေးကို ကျနော်အတွက် လက်ဆောင်ပေးလိုက်တာ ကျနော်အရမ်းဝမ်းသာတာပေါ့ဗျာ... ဒီလိုနဲ့ ကျနော် သူလေးနဲ့ သွားအတူ လာအတူပေါ့.. ကျနော် (၁၀)တန်းရောက်တော့ သူလေးဒဏ်ရာ ရဘူးတယ်ဗျ.. ကျနော်သူငယ်ချင်းရဲ့ အမှတ်မထင် လုပ်ရက်ကြောင့်ပေါ့. ကျနော်သူငယ်ချင်းကို တော်တော်ကို စိတ်ဆိုးသွားဘူးတယ်.. သူလေးကတော့ ဘာမှ မဖြစ်ဘူး ခံနိုင်ရည်ရှိပါတယ်ပေါ့... ဒါပေမဲ့ ကျနော်တို့ သူကိုကုသတဲ့ နေရာလေးကို ခေါ်သွားပြီး ကုသလိုက်ရပါတယ်.. အဲနောက်ပိုင်းသူလေးက ဒေါင်ဒေါင်ကို မြည်လို့ပါပဲဗျာ.. ကျနော်တို့ (၁၀)တန်း မနက်စောစော ကျူရှင်သွားရင် သူလေးကိုခေါ်သွားတယ်။ ကျူရှင်ပြီးတာနဲ့ ကျနော်တို့ သူငယ်ချင်းတွေ သူလေးနဲ့ အတူတူ ကစားကြပါတယ်.. ကျနော်တို့ရဲ့ လုပ်ရပ်ကြောင့် သူလေးတခါမှ စိတ်ဆိုးတယ် ငြိုငြင်တယ်ဆိုတာ မရှိပါဘူး....
ညနေနေအေးတဲ့ အချိန်ရောက်ပြီးဆို သူလေးကို ခေါ်ပြီး ကျနော်တို့တွေ သွားကြပြန်ပါတယ်.. ညမိုးချုပ်လောက်မှ ပြန်လာကြပါတယ်.. သူလေးကတော့ သူကို ဒီလောက် ခေါ်သွားတာတောင် နာကျင် စိတ်ဆိုးတယ် မရှိ... ကျနော်တို့နဲ့ အတူတူနေရတာကိုပဲ တော်တော်သဘောကျနေလေရဲ့ ဒါပေမဲ့ အခုတော့လဲ သူလေးတစ်ယောက်ထဲ ပျင်းနေရှာရော့မယ်... ခေါ်သူမရှိ ချောင်ထဲမှာ ၀ပ်နေပြီး အထီးကျန်စွာ နေရနေလောက်ပြီလော.. လွမ်းတယ် သူလေးရယ်.. ကျနော်ပြောတဲ့ သူလေးကို သိလားဟင်... ကျနော်ရဲ့ သူလေးဆိုတာကတော့
ကျနော်ရဲ့ အမြတ်နိုးဆုံးနဲ့ အချစ်ဆုံးပေါ့ ဘောလုံးလေးပါ.. အားလုံး ပျော်ရွှင်ပါစေဗျာ..






















