နားပါဦးမည်



အမှတ်မထင် တွေ့ခဲ့ကြတယ်
ဒီလောကမှာ ပျော်ရွှင်စရာအတိနဲ့
ညီရင်းအကို စေတနာတွေ
အမြဲကူညီ ဒီဘလော့ရောင်းရင်းများ သတိရနေမှာ

ဘလော့ဒေးလေး အမှတ်ရလို့ ပျော်ရွှင်ခဲ့တယ်
အားလုံးငြိမ်လို့ ဆုတောင်းခဲ့တယ် ဘလော့ဂါတယောက်အတွက်
ဒီလိုနဲ့ပဲ ဘလော့ပိုးလေးတွေ ထကြွခဲ့တယ်
ရှေ့ကိုတိုးလို့ ချီတက်ခဲ့တယ်
ဆိုး၊ကောင်း မသိ ပိုစ့်တွေရေးခဲ့ကြတယ်

စိတ်ညစ်တာတွေ ဖွင့်ဟခဲ့တယ်
အားပေးမူတွေ အများကြီးရခဲ့တယ်
ယုံကြည်မူတွေ ပိုမိုခိုင်မြဲစေခဲ့တယ်
အားလုံးအတွက် ကျေးဇူးအထူးပါ



ကျနော် ဘလော့ဂ် ရေးခြင်းကို နားပါဦးမည်။ အားလုံးကို အနူးအညွတ်တောင်းပန်ပါတယ်။ ပြန်ရေးဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
ဝါသနာကတော့ မသေ သေးဘူးဗျာ... လူလဲစိတ်တွေ မောနေပြီ ပြန်လာပါမယ်..........

လေးစားလျက်
တောင်ပေါ်သား

24 comments:

ဗမာလေး said...
This post has been removed by the author.
အိမ် said...

ဘယ်လိုဖြစ်ရပြန်တာလဲဗျာ။ ရှင်နဲရာ အက်ဂ လူထွက်ဆိုသလို လူဟောင်းတွေ သိပ်မရှိတော့
တာ ကိုယ့်ဆ၇ာကပါ ညောင်းပြီးဆိုတော့ အားတောင် မရှိတော့ဘူးဗျာ။

kiki said...

အဲ ..အသင် လောကကြီး ဘာတွေ ဖြစ်ကြပြန်သနည်း

a said...

ဘယ်လို ဖြစ်ကုန်ကြပါလိမ့်ဗျာ

မိုးခါး said...

ဟယ် .. ဘယ်လိုဖြစ်တာလဲ ... အဲလိုမလုပ်နဲ့လေ

ကောင်းကင်ပြာ said...

မြန်မြန်ပြန်လာပါ

နေးတစ် said...

ဟွန်း...ဒါကဘာအချိုးလဲ ဆရာ။ ဘာကိစ္စတွေရှုပ်နေလို့တုန်း. ပြောပါဦး။

WWKM said...

အင်း ခဏနားရင်နားလိုက်...
ပြီးတော့ပြန်လာပေါ့... တီဝါတို့ စလုံးလာမှာမို့ ခဏ
ရှောင်တာတော့ မဟုတ်ပါဘူးနော်..း)))
တီဝါလည်း အခုတလောအိပ်ရေးပျက်ခံပြီး ပို့စ်အရှည်ကြီးတွေရေးနေလို့ ဦးဥာဏ်ဆူနေတယ်..း))

နားဦးမှပဲခဏလောက် ..အဟတ်.း))

flowerpoem said...

ကိုတောင်ပေါ်သား
ပြန်လာမည့်အချိန်တွေ အမြန်ဆုံးဖြစ်ပါစေရှင်
အားလုံးအဆင်ပြေပါစေ..

ဖိုးစိန် said...

မဖြစ်သင့်ဘူး
မဖြစ်ရဘူး
မဖြစ်စေချင်ဘူး
ပြန်လာခဲ့ပါ
ချစ်ခင်စွာဖြင့်
ဖိုးစိန်

ကိုရင်နော်ခင်လေးငယ် said...

တူမောင် တောင်တောင်ရေ...
နားကွဲ့ အမောပြေလောက်တော့ ပြန်လာပေါ့.. ဦးနော်တို့လည်း ဒီလိုပဲ နားနားပြီး သွားနေရတယ်.. ဝါသနာအရင်းခံက ရှိပြီးသားလေ.. မရေးမနေနိုင်စိတ်ကလေးနဲ့ ပေါင်းလိုက်တော့ ပြန်ရေးဖြစ်ရော.. တူမောင်လည်း စိတ်ညစ်စရာတွေ ရှိရင် အားရပါးရညစ်.. ပြီးတော့ ပြန်ရေ.. နော်..

ချစ်ခင်ခြင်းများစွာနဲ့

ဦးနော်

မောင်မျိုး (ပြာသို) said...

ကိုယ်ချင်းစာတယ် နားလည်တယ် စာနာတယ်
ထက်တူခံစားလို့ရတယ် အားရပါးရနားပြီးမှပြန်လာ ဒါနဲ့ လိုင်းပေါ်မှာတွေ့တာ စိတ်ညစ်နေတဲ့ပုံလည်းမပေါက်ပါဘူး တောင်ပေါ် ဘာတွေဖြစ် ရေမချိုးတဲ့သူတွေကိုတောင် စစ်တမ်းကောက်နေပြီးတော့း)

ဆန်းဝင်း said...

ညီရေ.. အကိုလဲ ဘလော့တွေ မဖတ်ဖြစ်တာ ကြာပါပီ။ ဒါပေမယ့် ရေးချင်တာလေးတွေတော့ ရေးတာပဲ။ ရေးနေဦးမှာပဲ..ပြန်စုံဖို့ မျှော်နေပါမယ်

ဇော် said...

ဟင်...
ရင်တစ်ခုလုံး လစ်ဟာ
အရာရာမှောင်အတိ
ဟုတ်မှ ဟုတ်ရဲ့လားလို့ မျက်လုံးကို အသဲအသန်
ပွတ်ရင်း ကြည့်လိုက်တော့
သြော် ...
သူလဲ နားဦးမည်ဆိုပါလား။
မနားပါနဲ့လား ဆရာရယ်လို့လဲ မပြောချင်
ခင်များ ဆက်ရေးရမယ် ဆရာလို့လဲ မပြောရက်
သူလဲလေ လောကီသားပေမို့ဆိုတဲ့အတိုင်း
ကိစ္စများမြောင် လူတို့ဘောင်မှာ လုပ်စရာရှိတာတွေကို မနိုင်မနင်းလုပ်ရင်း
ရှေ့ခရီးကို ချီတက်နေတဲ့ ကျနော့်ရဲ့ဆရာမုတ်ဆိတ် တစ်ယောက်
အဆင်ပြေစွာနဲ့ ပြန်လာနိုင်ပါစေလို့ပဲ
တိုးတိတ်စွာ ဆုတောင်းရင်း
မျှော်လင့်နေရတော့မှာပေါ့
အိုဘယ့်
ဘလော့ဂ်လောကရယ်...။

reenoemann said...

တောင်ပေါ် ဘယ်လိုဖြစ်တာတုံး ပြောပြပါအုံး။

ကိုရီနို

သီဟသစ် said...

ပေါ်ပေါ်ရေ

ဘလော့ရေးတာနားပြီး လျှောက်လည်တာများတော့မယ် ပေါ့လေ။ နာသိတယ်နော်...

ပိုက်ဆံတွေ လိုက်မချေးနေနဲ့အုံး

ခင်မင်စွာဖြင့်
သီဟသစ်

khin oo may said...

စိတ်ထိခိုက်တယ်။

ကြယ်ဖြူစင် said...

ဘာတွေဖြစ်နေလဲကိုတောင်ပေါ်...ဘာဖြစ်ဖြစ်မျှ ဝေပါဦး..ဒီသူငယ်ချင်းတွေဘဲရှိတာကို..
ခင်မင်လျှက်
ကြယ်ဖြူစင်

မငုံ said...

ဟာ.ရှပ်ပြာစိန်..နင်နော်နင်.ဘာလုပ်တာလဲ။ စာဆက်ရေးပါဟ။ ငါတို့ မော(၀်)အတွက်လဲ လုပ်စရာတွေ အများကြီးရှိသေးတယ်လေ။ ပြန်လာခဲ့ပါဟာ။

အိုက်ခီလောက် said...

နားအုန်းမယ်ဆိုပါလား
ဘာဖြစ်ပြန်ပြီလည်း မန်ရူး ဖလားမရလို့ နားတော့မယ်ပေါ့
အဟတ် အားရလိုက်တာ ဘာကာကိုအားပေးလိုက်၇တာ
တန်တယ်ကွာ ဘဲဥလည်းမကွဲဘူး
အေးဆေးနားပါ မျက်ရည်ခမ်းပြီဆိုမှပြန်လာခဲ့နော်
လိုလိုမယ်မယ် ပဝါလေး ယူသွားအုန်း

ခီခန့် (ငပျင်း) said...

ကောင်မလေး က မကြိုက်လို့လား... သူ့အကြောင်းများများရေးပေးလိုက်.. အဟီး.. စတာနော် ကိုတော်ပေါ်.. ဘယ်လိုဖြစ်တာလဲဗျ.. နဲနဲ ပြောပြလေ..။

ကိုရဲ said...

လက်မခံကြောင်း အကျိုးအကြောင်းလေး နဲနဲပါးပါးရှင်းပြစေချင်လိုကြောင်း ။

ညီငယ် (ကိုရဲ)

mgnge said...

မောင်တောင် လည် ပြန်မှာလား ဦးရှင်ကြီးနဲ့ အတူ

puluque said...

ဘီလိုဖြစ်ပါသလဲခင်ဗျာ... ညီရေ စိတ်ပါတဲ့ အခါပြန်ရေးပါ...တစ်ခါတလေတော့လဲ ဒီလိုပါပဲ...ချစ်ချစ်ကို အချိန်ပေးနေရလို့လား..(မထင်ပေါင်) နှစ်ယောက်လုံးမစွန်တာ လူတိုင်း အသိ ဟုတ်လား...ကွိကွိ.....

စုစုပေါင်း အမှတ်တရ

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP