ချစ်သူသို့
ငါ့ကိုငါ အထင်တွေကြီးခဲ့တာပေါ့
အချစ်ဆိုတာကို ပေါ့သေးသေးလုပ်လို့
နှလုံးသားမရှိတဲ့ လူအဖြစ် ငါနေခဲ့တာ
တကယ်တမ်း ချစ်ရသူတွေ့လာတော့
ဖုံးကွယ်ထားတဲ့ အလွှာတွေမြေကျလို့
အချစ်ကို မခံနိုင်အောင် တွယ်တာမိပြန်ပါကော
ပျော်ပျော်နေတတ်တဲ့ ငါစိတ်ရင်းက
လူတွေအမြင်မှာ ဟာသဇာတ်ကောင်လိုပေါ့
ဒါပေမဲ့ ငါပြောလိုက်တဲ့ စကားတခွန်း
ငါချစ်ရသူ ယုံကြည်စေချင်တာ ငါစိတ်ထဲကပါ
ငါပြောလိုက်တဲ့ စကားတခွန်းကို နင်ဟားတိုက် ရီနေရင်
ငါဘယ်လောက် ခံစားရလဲ နင်မသိခဲ့ပါ ချစ်သူရယ်
အချိန်တွေ တိုက်စားလို့
ငါတို့တွေ ရင့်ကျက်လာခဲ့ရင်တောင်မှ
ယုံကြည်မူဆိုတဲ့ စကားလုံးတွေဟာ
ငါအတွက်ဆိုတာ မရှိလောက်ဘူးထင်ပါရဲ့
အပူရုပ်ကို ဟန်လုပ်လို့ ငါနောက်နေတယ်ထင်တာပဲ
မင်းအတွက် ပိုကောင်းပါတယ် ချစ်သူ
အချစ်ဆိုတာကိုကြုံဆုံခဲ့ဖူးပေမဲ့
အချစ်စစ်ဆိုတာကို ငါကိုယ်တိုင် ရှာမရခဲ့တာ
အများအမြင်မှာတော့ ငါဟာအပြစ်ရှိတဲ့ လူတယောက်ပေါ့
ဒါပေမဲ့ ချစ်သူ မင်းအမြင်မှာ အပြစ်မရှိတဲ့
သိုးငယ်လေးတကောင်လို
ငါကျေကျေနပ်နပ် ၀ပ်တွားခယချင်ခဲ့တာပါ
အချစ်ဦးမဟုတ်ပေမဲ့ ငါရဲ့အချစ်တွေကို
မင်းသိမ်းပိုက်ယူနိုင်ခဲ့ပါပြီ....
မင်းအသံကို ငါမကြားရရင်
ငါမနေနိုင်လောက်အောင်ဖြစ်နေမိပြီလေ
ဒါတွေဟာ မင်းအတွက် လှောင်ရီစရာတွေပါပဲ
ချစ်သူ.........
ဘာရယ်မဟုတ် ခံစားပြီး ရေးလိုက်တာပါ။ အထင်တော့ သိပ်မကြီးကြနဲ့ အဟေးဟေးးးးးးးး
လေးစားလျက် တောင်ပေါ်သား



20 comments:
ယုန်ထင်ကြောင်ထင် ထင်သွားတယ်
တောင်ပေါ်သားကွ
:P
တယ်လုပ်နေပါလား ကိုတောင်ပေါ်သား မိုက်တယ်ဗျို့
ဘာရယ် မဟုတ် ခံစားရေးလိုက်တာတဲ့..
အဲလိုပြောလို့ ကို …မထင်ပေါင်ဗျာ…. :P
အမယ်..အမယ်..အမယ်..တယ်ဟုတ်နေပါလားဟ။။
ကြီးဒေါ်ကို မပြောပြပါလား တူတော်မောင်ရဲ့။ ကြိုးစားထား။။အမွေတွေလက်ဖွဲ့မယ်။:)
အမြန်ဆုံးအဆင်ပြေပါစေသော်ဝ်
ချစ်သူသို့ဆိုလို့ တွေ့တာနဲ့ပြေးလာလိုက်တာ ဖတ်ရင်းနဲ့အတွေးတွေကလဲများပေါ့ တောင်ပေါ်တို့စွံပြီးပေါ့ တယ်ဟုတ်ပါလားပေါ့
အမလေး အောက်ဆုံးလဲရောက်ရော ဘာရယ်မဟုတ်ခံစားပြီးရေးထားတာတဲ့ ..
သေရော ဟွန်းးးးးးးးးးးး
အထင်ကတော့ကြီးတယ်ဝေ့ မကြီးလို့မရဘူး ဟွင့်
ချစ်သူသို့..
ဆိုတော့
ရုတ်တရက်ပျော်သွာတယ်..
ဖိုးစိန်များလားပေါ့....
အဟီးးး
နောက်တော့ ဟုတ်ဘူး
ခံစားထားတာတဲ့
အငှားခံစားချက်ကိုများ
တော်တော်ဆိုး
ပေါ်ပေါ်နော်
အချစ်ကဗျာတွေ အလွမ်းကဗျာတွေနဲ့
ပြောချင်ဘူး
ဂယ်ပဲဂယ်ပဲ....
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ဘာလဲ ဟုတ်ရင်း ဟုတ်တယ်ပေါ့။
ဘာခုမှကြောက်နေတာလဲ
ကိုရီနို
ကိုတောင်ပေါ်နော်..ဟုတ်ရင်ဟုတ်တယ်ပေါ့..
သိနေသလိုဘဲနော်..:P အမြန်ဆုံးအဆင်ပြေပါစေ နော်
ခင်တဲ့
ကြယ်ဖြူစင်..
ချစ်သူရဲ့ အဟားခံလိုက်ရတဲ့  ကိုတောင်ပေါ်ရဲ့  မျက်နှာကြီးက အဲဒီအချိန်မှာ ဘယ်လို ဖြစ်နေမလဲ လို့  သိချင်လိုက်တာ ။
ရှုံ့ တွ နေတဲ့ ရက်လွန် ခရမ်းချဉ်သီး နဲ့ တူနေမလား ။
ငပိ ကိုင်မိတဲ့  စိန်မျောက်မျောက်လေး နဲ့ တူနေမလား ။
နောက်တခါဆို snap shot လေး ရိုက်ထား ပြီး တင်ပေးလိုက်နော်...
ဟိဟိ..
ခင်လို့ စတာ..
မကြီးကိ။
ပေါ်ပေါ်..
ငါသိနေသလိုလိုပဲနော်..
အဆင်ပြေပါစေကွယ်...
ခင်မင်စွာဖြင့်
သီဟသစ်
ကိုတောင်ပေါ်ရေ... အောက်ဆုံးတစ်ကြောင်း ဖြတ်လိုက်ဗျာ...
အကုန်ဖတ်လို့  အရမ်းကောင်းနေတဲ့ အချိန်မှာ ဘာလဲ... ဘာရယ်မဟုတ်တဲ့.... ဖြတ်လိုက်ဗျာ... အဲ့ဒါကြီး....
ချစ်သူ ခံစားမှုက ကျနော်တောင် အားကျလာပြီး.. အဟဲ..
အချိန်တွေ တိုက်စားလို့
ငါတို့တွေ ရင့်ကျက်လာခဲ့ရင်တောင်မှ
ယုံကြည်မူဆိုတဲ့ စကားလုံးတွေဟာ
ငါအတွက်ဆိုတာ မရှိလောက်ဘူးထင်ပါရဲ့
ဒါလေး ကျနော် အရမ်းနှစ်သစ်မိတယ်ဗျာ...း)
ပျော်ရွှင်ပါစေ ကိုတောင်ပေါ်ရေ...
လေးစားလျက်
တောင်ပေါ်သားလေး
ပျော်ရွှင်ပါစေ
ခင်မင်လျက်
အထင်မကြီးနဲ့ လိုပြောပေမဲ့ အ၇မ်းအထင်ကြီးသွားပီ။ snake snake sees the legs ပါဗျာ. ခြေထောက်တွေ မြင်နေရတယ်ဗျ ဟဟား။
အပူရုပ်ကို ဟန်မလုပ်နဲ့ကွာ..တကယ်ခံစားနေရကြောင်း ပြောပစ်လိုက်...
ညီနဲ့ကို ဘယ်သူ အရင်စွန်မလဲမသိ.. စွန်တဲ့လူကို မမဝါဝါ က လက်ဖွဲ့ အများကြီးဖွဲ့မယ်တဲ့..ဟုတလားမသိ...
ဟုတ်နေပါပြီ...ဝေးးး....ဟုတ်နေပါပြီ...ရှိုဖို့ မစဉ်းစားနဲ့ နော်...ဟွန်းဟွန်းးး... မင်္ဂလာဆောင်ကျမှ ဖွရမယ်
ဟဟာ...
တောင်ပေါ်သားလေးကို အထင်တွေကြီးသွားပြီကွ.
ဟုတ်လား မဟုတ်လားရယ်တော့မသိ. ဒါပေမယ့် ဒီလို
ကဗျာလေးတွေဆိုတာ ခံစားချက်ဖြစ်မှထွက်ပေါ်လာ
တတ်တာလေကွယ်...
တီတီဝါ ယုံသွားတယ်..ဆက်ကြိုးစားနော်..း)
သွားပါပြီ ပုလုကွေးလေးတော့ နောက်ကောက်ကျရှာပြီ.
အဟတ်
တီဝါ
ချစ်ရသူသို့.......... ;)
ဒီကဗျာလေးကို တော့ တော်တော်ကြိုက်ပါတရ် ။ ခံစားချက်ကိုပေါ်လွင်စေတရ် ။ အဆင်ပြေပါစေ ငါ့အကိုရေ
(မောင်ရဲ)
ဒီကဗျာလေးကို တော့ တော်တော်ကြိုက်ပါတရ် ။ ခံစားချက်ကိုပေါ်လွင်စေတရ် ။ အဆင်ပြေပါစေ ငါ့အကိုရေ
(မောင်ရဲ)
သြော် သူလဲ ချစ်တတ်သွားပီး ကိုး :P
ချစ်သူတွေ့နေပြီထင်ပါ့ အရေးအသားတွေတက်လာပြီ။
Post a Comment