၆၄ မိုင်တိုင်
သွေးမတော်သားမစပ် ၀မ်းမနာခဲ့ရပေမဲ့
ကျနော်တို့အပေါ် အမေ့အချစ်တွေ ပုံပေးခဲ့တယ်
ချစ်တဲ့တိုင်းပြည်သာယာဖို့ အမေကြိုးစားခဲ့တယ်
အခုဆို အမေ့ရဲ့မွေးနေ့လေးပေါ့ အမေ
အေးချမ်းစွာနဲ့ နေနိုင်တဲ့ကိုယ်ပိုင်မိသားစုလေးကို ပစ်ပြီးတော့
အမေကျနော်တို့ရင်ခွင်ထဲ ခြေစုံပစ်ဝင်ခဲ့တယ်
တကယ်တမ်း ကျနော်တို့ရင်ခွင်ဟာအမေ့အတွက်
ခက်ထန်ကြမ်းတမ်းတဲ့ ဘ၀တွေအဖြစ်ပြောင်းလဲခဲ့ရပြီလေ
ဒါပေမဲ့အမေ့ဆီက ငြီးငြူးသံလေးတသံတောင်မှ
ကျနော်တို့အသက်ရှိသမျှ မကြားရသေးပါဘူးအမေ
အမေ့ချစ်တဲ့သားသမီးတွေအတွက် အမေရယူလိုစိတ်မရှိ
ပေးဆပ်ခဲ့ရတာကိုပဲ အမေဂုဏ်ယူနေတယ်လေ..
ဘာလိုလိုနဲ့ မိုင်တိုင် ၆၄ကိုတောင် ရောက်လာပြီကောအမေ
ဒီအချိန်ဆို ဘုရားတရားနဲ့ကိုပွေ့ဖက်ပြီး
ချစ်သောမြေးမြစ်လေးတွေနဲ့ ပျော်နေရမဲ့အချိန်မှာ
အမေကတော့ အားမာန်ကိုမလျှော့ပဲ သားသမီးတွေလိုချင်တဲ့အရာတွေကို
အမေအသက်ရင်းပြီး ယူဆောင်နေတုန်းပဲအမေ
ဒီအချိန်မှာဖြင့် အမေ့သားသမီးတချို့ကတော့
အဝေးတနေရာမှာ ကောင်းစားပြီးအမေ့ကို မေ့နေကြတယ်လေ...
ငြိမ်းချမ်းရေးကိုလိုလားတဲ့အမေ
အခန်းကျဉ်းလေးရဲ့ ထောင့်တနေရာမှာ
ခန္ဓာကိုယ်က ပိန်လှီလို့ အင်အားကမရှိ
အရုပ်ကြိုးပြတ်ကျတော့မဲ့ပုံ သူရဲ့မျက်လုံးကတော့ ရဲဝံ့တဲ့
စူးရှတဲ့ အရောင်တွေတောက်လို့ မတရားတာကို မကြောက်
အမှန်တရားတခုအတွက် အကုန်လုံးကိုပေးဆပ်ရဲတယ်
မိသားစု၊သားသမီးတွေ စတေးခဲ့ပေါ့ ခိုင်မာတဲ့ ယုံကြည်ချက်တို့နဲ့
ဒီအခန်းကျဉ်းလေးထဲဝယ် တုန်ရီနေတဲ့လက်တွေနဲ့
နံရံပေါ်မှာ ပြတ်သားစွာရေးလိုက်တယ်
ဒါငါတို့ တိုင်းပြည်အတွက် ဒါငါတို့ လွတ်လပ်မူတွေအတွက်
ဒါငါ့ဝမ်းမနာ သားသမီးတွေအတွက်
လေးစားလျက် တောင်ပေါ်သား



10 comments:
သေချာဖတ်သွားပါတယ်
အမြန်ဆုံးလွတ်မြောက်ပါစေ ဆုတောင်းပေးပါတယ်
လွတ်မြောက်မယ့်ရက်ကို စောင့်မျှော်နေပါတယ်
တပုဒ်လုံး အမှန်တရားတွေချည်းပဲ...
အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ
သူ့ ဘဝတခုလုံး ပုံပြီးပေးဆပ်ခဲ့ တယ်။
သူ သားသမီးတွေအတွက် နောက်မဆုတ်ဘဲ အမှန်တရားအတွက် ရဲရင့် တည်ငြိမ်စွာ နဲ့
အောင်မြင်မှု ပန်းတိုင် ဆီသို့  အရောက်လှမ်းဖို့ 
ဒို့ တတွေ အမေ ဒီလောက် စွန့် လွှတ် အနစ်နာ ခံခဲ့တာ။
သားမိုက် သမီးမိုက်တွေ အချိန် မှီ အသိတရားရ နိုင်ကြပါစေ ။
ကိုတောင်ပေါ်ရေ .. ..မျှော်လင့်ခြင်း အလင်းရောင်တွေ အတွက် သားသမီး အားလုံးညီညီ ညာညာ ဆောင်ရွက်ကြရမှာ ...
မဝေးတော့တဲ့ တချိန်မှာ ဒို့  မောင်နှမတတွေ အမေ့အိမ်မှာ ဥမကွဲ သိုက်မပျက် ပြန်နေကြရဖို့  ဆုတောင်းလျှက်ပါ..
အမေတနေ့ ပြုံးနိုင်မှာပါ
အမေ့ အပြုံးကို သားတို့ တစ်ဝကြီး ကြည့်ချင်ပါသေးတယ်...
မျက်ရည်များစွာနဲ့ပေါ့
အမေ့မွေးနေ့မှာ အမေစိတ်ချမ်းသာပါစေ
အမေ့ဘယ်တော့မှ မကျဆုံးဘူး
အမေ့ဆန္ဒတွေ တနေ့ပြည့်မှာပါလို့
အမေ့ကိုယုံကြည်တယ်
ယုံကြည်တဲ့ သားတွေ သမီးတွေအတွက်အားတင်ထားပါ အမေတနေ့ ပြုံးနိုင်မှာပါ
အမေ့ အပြုံးကို သားတို့ တစ်ဝကြီး ကြည့်ချင်ပါသေးတယ်...
မျက်ရည်များစွာနဲ့ပေါ့
အမေ့မွေးနေ့မှာ အမေစိတ်ချမ်းသာပါစေ
အမေ့ဘယ်တော့မှ မကျဆုံးဘူး
အမေစု... အမေ့မွေးနေ့မှာ ပြုံးနေပါနော်...
အမေစုအတွက် ဆုတောင်းပေးခဲ့ပါတယ်
ချစ်ခင်စွာဖြင့်
ပေါ်ပေါ်ချစ်တဲ့ စိန်စိန်
ဒို့ အဘိုး (ဗိုလ်ချုပ်) က တို့တွေ ကို လွတ်လပ်အောင်
လုပ်ပြီးမှ ထွက်သွားခဲ့တာပါကွ။
ဒီလိုပဲ ဒို့ အမေလည်း တို့တွေအတွက်
ကြိုးစားနေအုံးမှာ။ ဒို့အမေ မသေနိုင်သေးဘူး
ဒို့အမေ တို့ တွေပျော်တာကို မြင်ကိုမြင်စေရမယ်။
ဒို့အမေရဲ့ ဆန္ဒတွေ ပြည့်လာတော့မှာပါကွာ။
ကိုရီနို
့happy birthday အမေရေ..
တောင်ပေါ်သားလေးရေ
အမေ့ဆုတောင်းကဗျာလေးလာဖတ်တယ်
အမေ ၆၄ နှစ်မှသည် အသက် ၁၀၀ ကျော်ရှည်ပါစေ
ခင်မင်လျက်
သိပ်ကောင်းတဲ့ကဗျာလေးတစ်ပုဒ်ပဲ
ဆန္ဒတွေပြည့်ဝါစေရှင်
ခင်တဲ့
ဂျာမုန်းဒန်
ပါးလုံးအလာနောက်ကျသွားတယ် မွေးနေ့ပြီးမှပဲ ဆုတောင်းပေးတော့မယ်။ အမြန်ဆုံးလွတ်မြောက်ပါစေ။
ကဗျာကလည်းအမှန်တရားတွေပဲ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
ကဗျာလေး ခံစားသွားပါတယ်ဗျာ။ အမေစု အမြန်ဆုံး လွတ်မြောက်ပါစေ။
Post a Comment