ချစ်သူသို့ ၃





ရှိနေခဲ့တဲ့
သံယောဇဉ်ကြိုးလေး တကြိုးကနေပြီး
ခိုင်မာတဲ့ တူနှစ်ကိုယ်ဘဝ
မတည်ဆောက်နိုင်ဘူးလား ချစ်သူ....

မင်းကိုချစ်နေမိတာ ငါ့အတွက်
ရေးစရာ ကုန်းကြမ်းတွေတဲ့လား
မင်းအမြင်လေးတွေ ပြောင်းလာမလားလို့
ငါမျှော်လင့်နေသေးတယ် ချစ်သူ....

လူတိုင်းမှာတော့ ပိုင်ဆိုင်ခြင်း၊ ဆုံးရှုံးခြင်းဆိုတာကိုသိနေရဲ့နဲ့
ခံစားချက်ကိုယ်စီ ကိုင်စွဲလို့လျှောက်လှမ်းနေကြတာပဲ
ချစ်နေမိတဲ့ ငါ့အဖြစ်ကိုကော မင်းရီနေမှာလား
မင်းပျော်နေမလား ချစ်သူ.....

အချစ်ကို အမှောင်ချလို့
ကိုယ့်ဟာကို နှလုံးသားမရှိတဲ့ ကြေးသွန်းရုပ်တခုလို
မင်းတကယ် ဟန်ဆောင်နေနိုင်ခဲ့ပါတယ်
သံယောဇဉ်ကို ဖုံးကွယ်ပြီးမင်းရက်စက်ခဲ့ပြတယ် ချစ်သူ.....

ဒါပေမဲ့ပေါ့
မင်းရဲ့ရက်စက် တုန့်ပြန်မူလေးတွေဟာ
ငါ့အချစ်စစ်ကို စိုးစေ့မျှမှ အရာမထင်ခဲ့ပါဘူး
ငါမှာအချစ်တွေ ပိုလို့တိုးလာတာပဲရှိမယ်
မင်းရဲ့ အမှောင်ဖုံးခံထားရတဲ့ နှလုံးသားလေးထဲမှာ
ဖြူစင်တဲ့ နှလုံးသားလေးတစုံ အိပ်စက်နေတယ်ဆိုတာငါသိနေတယ် ချစ်သူ......


လေးစားလျက် တောင်ပေါ်သား



16 comments:

Mogok Thar said...

အိပ်စက်နေသော
ဖြူစင်တဲ့ နှလုံးသားလေးတစုံ
ရင်ခုန်သံနွေးနွေးနဲ့ ထွေးပွေ့ ကြင်နာမဲ့
ကဗျာရှင်ရဲ့ ရင်ခွင်မှာ
ကြည်သာရျွင်မြ နိုးထလို့လာပါစေဗျာ။

ရှင်ရဲထွတ် said...

စိုးမင်းထိုက် ကြေးသွန်းရုပ်ပဲလား....?
ရွှေစင်သွန်းရုပ်သာ လုပ်လိုက်ပါတော့...။
ဘယ်ချစ်သူကိုများ ရည်ညွှန်းပါလိမ့်နော်.....

WWKM said...

ha ha haaa :D
မလှောင်ရက်ပါဘူး တောင်ပေါ်သားလေးရာ...

ဒါအချစ်လားကွယ်....
ရင်မှာဖန်ဆင်းတယ်...
သူမသိဘူးလား....
အချစ်ဆုံးသတိရနေ....
နေ့စဉ်တိုင်းလေ....မေ့မရတဲ့စိတ်တွေ..... အဟတ်ဟတ်
ချောစုခင်သီချင်းဆိုသွားတာနော်.း)

သတင်းထူးတွေ ၊ သတင်းထူးတွေ..း)

နွေးနေခြည် said...

မရှိသေးတဲ့ ချစ်သူလေးသာ သိရင် သိပ်ခံစားရမှာပဲ...

မေဇင် said...

ခံစားတတ်လိုက်တာ..။ ချစ်သူသို့... 1၊ 2၊ 3၊ က တစ်ယောက်ထဲကို ရည်ရွယ်တာ လား ..တစ်ယောက်အတွက်က 1၊ နောက်ထပ်တစ်ယောက် အတွက် က 2၊ ဒါမျိုး လားဟင်...။ နောက်တာနော်..။

ဂျပန်ကောင်လေး said...

တကယ်ပဲ ကြေကွဲခံစားရပါတယ်.. အစ်ကို..အစ်ကို့ချစ်သူက အချစ်ကို မယုံတာလား.. ဒါမှ မဟုတ်.. မချစ်တတ်တာလား.. ဘာပဲပြောပြော ချစ်မိတဲ့ နှလုံးသားလေးကို အရင်းပြုလို့တော့ ထိုက်သင့်တဲ့ တုံ့ပြန်မှုတစ်ခုကို အစ်ကိုရမယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်...

လေးစားလျက်..
ဂျပန်ကောင်လေး

သီဟသစ် said...

အင်း ရောဂါတွေ ရောဂါတွေ
လူပျိုကြီးရောဂါခေါ်သပေါ့လေ

သောင်ပြင်လွှတ်တဲ့ အသည်းနှလုံးကြီးကို ဘယ်သူမှ ယူမည့်သူမရှိ :D

မခင်မင်စွာဖြင့်
သီဟသစ်

reenoemann said...

ညီလေး တောင်ပေါ်ရေ

ဆက်ကြိုးစား ဒီအတိုင်းဆိုရင် အဆင်ပြေနိုင်တယ်။

အကိုတောင် ဖတ်ရင်းနဲ့ နည်းနည်း စိတ်မကောင်း
ဖြစ်သွားမိတယ်။ သူဆို တော်တော် စိတ်မကောင်းဖြစ်မှာသေချာတယ်။

ကြိုးစားကွာ။ အားပေးတယ်နော့။

ဆက်ပြီးတော့ ချစ်သူ သို့ (၄) ဆက်ရေးကွာ။

မျှော်နေမယ်။

ကိုရီနို

နဒီမိုးညို said...

ဖတ်လို့ ကောင်းပါတယ်..ချစ်သူ ((၄)
ဆက်ေ၇းပါအုံးနော်..
အားပေးနေမယ်.

မငုံ said...

တူတော်မောင် တကယ့်ကို ခံစားနေရတာကိုး။ ကဲ ကြီးဒေါ် အကူအညီလိုရင် ပေးမယ်။ ပြော ဘယ်မှာလိုက်တောင်းပေးရမလဲ..

စတာပါ။ ကဗျာလေး တအားကောင်းတယ်ဟ။ အဆင်ပြေပါစေနော့။

ပုလုကွေး said...

ညီရေ..
မမဝါဝါက သတင်းထူးတွေ သတင်းထူးတွေ တဲ့ ဘာတွေ သတင်းထူးတွေလဲကွ၊ ညီလေးတို့ကို အဆင်ပြေစေချင်ပါတယ်။ သံယောဇဉ် အရိပ်အယောင်လေးတွေကို တစ်စုံတစ်ယောက်ရဲ့ မျက်ဝန်းမှာ ဟိုနေ့က တွေ့လိုက်ရတယ်။ သူမရဲ့ နှလုံးသားဟာ ကြေးသွန်းရုပ်တစ်ခု မဟုတ်လောက်ပါဘူးကွာ။ ဒါပေမဲ့ မိန်းကလေးတွေရဲ့ အချစ်ဟာနားလည်ရခတ်သကွ။
ညီလေး အဆင်ပြေပါစေ
ခင်တဲ့
ပုလုကွေး

မိုးခါး said...

လူတိုင်းမှာတော့ ပိုင်ဆိုင်ခြင်း၊ ဆုံးရှုံးခြင်းဆိုတာကိုသိနေရဲ့နဲ့
ခံစားချက်ကိုယ်စီ ကိုင်စွဲလို့လျှောက်လှမ်းနေကြတာပဲ

အင်း .. အဲလိုပဲ ဖြစ်နေကြတာကိုး ..
ပျော်ရွှင်ပါစေး)

ဇော် said...

ဆရာ
ချစ်သူတွေ့နေပြီလားဗျ။
အဟဲ။

အိမ်သစ်လေးနဲ့ လှတယ်ဗျာ။
ကျနော့်ဆီလာတာ ရှဲရှဲနော။
ချစ်သူရနေရင်လဲ တပည့်ကို လက်လာတို့ဦးဗျ။
ဝမ်းသာရအောင်။ ငှဲငှဲ။ =)

ဏီ(န်)ကင်း said...

သူများတွေတိုးတက်နေပြီ...
ငါလည်းတိုးတက်အောင်ကြိုးစားအုံးမှ..
ဟေ့လူဘာမှတွေဝေမနေနဲ့လုပ်စရာကိုလုပ်ချလိုက်
(အဆင်းဘီးတပ်ပေးခြင်းဟုမဆိုလိုပါ)

ဟားဟား

အိမ် said...

ကြိုးစားထား ကတောင် ကောင်းကင်တမွတ် ဘာကိုဆွတ်ဆိုလား၊ နောက်ပြီး ယောကျာင်္းတို့ ဇွဲ သေခါမှလျော့တဲ့၊ မဟာဇနက္ကထုံး နှလုံးမူပြီးသာ အချစ်ပင်လယ်ထဲ ဇွဲမလျော့တမ်း ကူးဗျာ ခြေသလုံး ကြွက်တက်ပြီး ဂိမ်သွားရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့ဗျာ...။ အဟီးဟီးဟီး....။
အမှောင်ဖုံးခံထားရတဲ့ မင်းရဲ့နှလုံးသား ဆိုတော့ ကျနော့်အထင် သူနေတာ မြန်မာပြည်မှာပဲနေမှာ
ဘာကြောင့်လဲ ဆိုတော့ မီးအမြဲမလာတော့ အမှောင်ဖုံးနေတာ နေမှာဗျ ။

အိုက်ခီလောက် said...

အိပ်စက်နေပါပြီဆိုမှ အတင်းလှုပ်နိုးရမှာပေါ့ ကိုမွတ်ဆိတ်ရ
နိုးမရရင်လည်းနပန်းကျင်းပြီးနိုးဗျာ
စကားမစပ် ဘယ်တစ်ယောက်ကို ရည်ရွယ်ပြီးရေးတာလည်းရှင်းပြစေချင်ပါတယ် :D

စုစုပေါင်း အမှတ်တရ

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP