တယောက်ထဲ ငါ...
အတိတ်ကို ပြန်ပြီး မတွေးချင်ပေမဲ့
မိုက်မဲခဲ့တဲ့ ဒီအဖြစ်တွေကြောင့်
မဲမှောင်နေတဲ့ ဒီအခန်းကျဉ်းလေးထဲမှာ
ဆုံးရှုံးခြင်းများစွာနဲ့ ငါတယောက်တည်းပေါ့...
အရာရာကို နောက်ပြန်လှည့်လို့ ပြုပြင်လို့ ရစတမ်းဆိုရင်
ကျင့်ဝတ်တွေ နားမလည်ပဲ ပျက်စီးချင်တိုင်း
ပျက်စီးခဲ့တဲ့ ငါ့ကိုငါသာ အရင်ပြုပြင်ခဲ့သင့်တာပါ
သူလေးတယောက်ကို ချစ်ခဲ့မိတာ ကိုယ့်အတွက်တော့
များပြားလှတဲ့ ဒုက္ခတွေလား.......
အချိန်လွန်မှ ဒီနောင်တဆိုတာ ရတတ်စမြဲပေါ့
မြန်ဆန်ကုန်လွယ်လွန်းတဲ့ ဒီအချိန်တွေကို
ဆုံးရှုံးမှာကိုကြောက်မိတဲ့ ငါအပြစ်ကို ပြန်တွေးရင်း
သေရင်တောင်မှ နင့်အနားမှာ တစ္ဆေသရဲတကောင်လို
ပါသွားလေမလား စဉ်းစားမိတယ်လေ
စေတမန် နတ်ဆိုးတကောင်လို
အကြင်နာကင်းမဲ့ ကြမ်းတမ်းခဲ့ပေမဲ့
မေ၀ဒီလို လှပတဲ့ မင်းရဲ့အကြည့်တွေအောက်မှာ
နေရောင်အောက်က သိုးငယ်တကောင်အလား
ကောင်းခြင်းတွေ နဲ့ပြည့်စုံခဲ့တယ်
မူယာမာယာတွေ ကင်းရှင်းလှတဲ့ မင်းလေးကို
တွေတွေကြီး စိုက်ကြည့်နေခဲ့မိရင်း
နဲ့နဲ့လာတဲ့ ငါ့နှလုံးသား တနေရာကို
ပြည့်ဝမူတွေနဲ့ မင်းလေး အစားထိုးနိုင်ခဲ့တယ် ချစ်သူ...
စုံမက်မူတွေ၊ စွဲလန်းမူတွေကို ငါနှစ်ခြိုက်စွာ သောက်သုံးလို့
ပါတနာတယောက်လို မင်းဘေးနားမှာ နေရင်း
စေလိုရာကို သွားချင်နေခဲ့မိသူရယ်ပါ ချစ်သူ.......
လေးစားလျက် တောင်ပေါ်သား



17 comments:
ညီလေးပေါ်ပေါ်ရေ
သေချာကိုဖတ်ပါတယ်ကွာ
ဟိုအရင်အချိန်တွေ တမ်းတမက်မော ပြန်လိုချင်တယ် ခုလေ.. ဆိုတဲ့ သီချင်းလေးတောင် သတိရသွားတယ်
"သေရင်တောင်မှ နင့်အနားမှာ တစ္ဆေသရဲတကောင်လို
ပါသွားလေမလား စဉ်းစားမိတယ်လေ"
အဲလိုတော့ မလုပ်နဲ့ သရဲကြောက်တတ်တယ်တဲ့
:D
ခင်မင်စွာဖြင့်
သီဟသစ်
အင်..........
ကြည့်ရတာ ကိုတောင်ပေါ်သားတော့
တစ်ခုခုကို တစ်ခုခုက လွမ်းပြီး
တစ်ခုခုက တစ်ခုခုကို တစ်ခုခု ပြောလိုက်သလိုပါပဲ.
ခံစားသွားပါတယ်ဗျာ....
ခင်ခမင်စွာဖြင့်
စည်သူ။
စာနာပါတယ်ဗျာ....
ကိုတောင်ပေါ် မြောက်ပေါ်လေးရေ ..
စိတ်ထိန်းမှပေါ့ ကွယ် ..
အဲ့ လောက်ကြီး မစွဲလန်း ပါနဲ့ ..
တစ္ဆေ တော့ကြောက်တယ် ...
တောင်ပေါ်ရေ
သေသေချာချာကို သုံးခေါက်ဖတ်သွားတယ်။
“သေရင်တောင်မှ နင့်အနားမှာ တစ္ဆေသရဲတကောင်လို
ပါသွားလေမလား စဉ်းစားမိတယ်လေ”
ဒွတ်ခ နင်ကလဲ သရဲဆို အသေကြောက်တာသိသားနဲ့ကို
ဘူလဲတွေ နာ့မပြောဘူးနော်။
အသေသတ် လုံးဝမပြောဘူး စိတ်ချ။
ဟိဟိ(နာ့သိဒယ်နော်)
ပါတနာ တစ်ယောက်လို ???
တစ္စေ ???
တောင်ပေါ်သားရေ ဘာတွေ ဖြစ်နေလဲဝေ..........???
ပေါ် တစ်ယောက်တည်းမဟုတ်ပါဘူး....
စိန်စိန် တစ်ယောက်လုံးရှိသေးတယ်လေ။။။။။
ချစ်တဲ့
စိန်
အမိုက်မဲဆုံးအကျင့်ပျက်သူများအမြန်ဆုံးသေပါစေ။
အမေနေကောင်းမူတွေနဲ့ပြည့်စုံပါစေ...
အစစာလုံးတွေကိုစုစည်းထားပါသည်။
လေးစားတယ်ဗျာ...
ကိုတောင်ပေါ်သား
အားလုံးအဆင်ပြေပါစေ
ဟာ... ကိုတောင် ရဲ့အချစ်က နောက်လူအတွက် ရင်လေးစရာပါလား.. ကောင်မလေးတော့ ဒီဘဝ အပျိုကြီး ဖြစ်ပြီ ထင်ပါရဲ့.....။ အနားမှာ သရဲတကောင်လို နေမယ်ဆိုလို့ပါ...။
ဟာ... ကိုတောင် ရဲ့အချစ်က နောက်လူအတွက် ရင်လေးစရာပါလား.. ကောင်မလေးတော့ ဒီဘဝ အပျိုကြီး ဖြစ်ပြီ ထင်ပါရဲ့.....။ အနားမှာ သရဲတကောင်လို နေမယ်ဆိုလို့ပါ...။
အစစာလုံးကို သဘောကျတယ်။
အချစ်ကဗျာလေးလည်းကောင်းတယ်
ခုနောက်ပိုင်း စာတွေဖတ်ရင် ခေါင်းစောင်းစောင်းနေတယ် :P
တောင်ပေါ်သားကွ :P
အင်းပေါ့လေ အပေါ်မှာကပ်ပြီး အားပေးတဲ့သူက ပေးသွားတယ် :D
တည့်တည့်ပြောမှ ရိပ်မိတယ် ပေါ်ပေါ်ရေ
good poem
တူမောင်ရေ အဆင်မပြေသေးဘူးလား။ ကိုသီဟ ပြောသလိုပဲ တစ္ဆေတကောင်လိုတော့ မလိုက်ပါနဲ့။ ကြောက်လို့ပါ။ အမြန်ဆုံး ပျော်ရွှင်ပါစေ။
"စေလိုရာကို သွားချင်နေခဲ့မိသူရယ်ပါ" ... တဲ့
လွှတ်လိုက်ရမလား...
လွှတ်လိုက်ရမလား...
လွှတ်လိုက်ရမလား...
တကယ်သွားမှာလဲ မဟုတ်ဘဲနဲ့...
းဝ)
အဟုတ်သားး
အစ စာလုံးတွေက သတိမမူ ဂူမမြင်...
ကော်မန့် မြင်မှ ပြန်ပြေးဖတ်ရတယ်။
ကဗျာလေးက ရိုးရိုးလေးနဲ့ ဆန်းသွားတယ်။
သရဲကြော်တတ်သူကို သေအောင် မညှင်းပန်းပါနဲ့ ဖြဲခြောက် လိုက်လေသလားပဲ။
ကိုယ်ကတော့ ၀ိဥာဉ်တစ်ခုနဲ့ အတူ နေထိုင်လို့ သရဲ မကြောက်တတ်ဘူးးဗျ။
ပျော်ရွှင်ပါစေ ညီလေးရေ။
ပါတနာဘ၀က ရာထူး အမြန်ဆုံးတက်ပါစေ ကဗျာထဲက ကောင်ကလေးရေ...။
Post a Comment