မှန်းချက်နဲ့ နှမ်းထွက်

ကျနော်တို့ဘ၀တွေဟာလဲ ဆရာအော်ပီကျယ် ရေးခဲ့တဲ့ ကာတွန်းလေးလိုပါပဲ။ လူဘ၀မှာဘယ်အရာမှ ကြိုတင်မမှန်းနိုင်သလို မှန်းသလောက်လဲ အရာမရောက်နိုင်ခဲ့ပါဘူး။ ဖြစ်လာတဲ့ အခြေအနေပေါ်မှာ အကောင်းဆုံး ရပ်တည်ကြိုးစားသွားရင်တော့ဖြင့် တနည်းတဖုံတော့ ပြောင်းလဲသွားနိုင်ပါတယ်။ 
ကာတွန်းလေးရဲ့အောက်နားမှာ ဆရာရေးခဲ့သလို "နှမ်းထွက်ဆိုတာ မျိုးစေ့တင်မက ရေ၊မြေ၊ရာသီဥတု စတာတွေပေါ်မှာလည်း တည်တယ်။ ပြုစုပျိုးထောင်ပေးနိုင်မူကလည်း အရေးကြီးတယ်" မျိုးစေ့တိုင်းဟာ ဘယ်လောက်ပင်ကောင်းကောင်း မျိုးစေ့ သန့်သန့် ပေါက်ဖွားရာ ရေ၊မြေ၊ရာသီဥတုပေါ် မူတည်ပြီး ရှင်သန်ကြီးထွားကြတာပါပဲ။ ဒါကြောင့်လဲ ကျနော်တို့မျိုးစေ့လေးတွေ ကောင်းမွန်စွာပေါက်ဖွားရှင်သန်ဖို့က ကျနော့်တို့အပေါ်မှာ အများကြီးမူတည်နေပါတယ်။ အရေးအကြီးဆုံးက မျိုးစေ့လေးတွေ ပေါက်ဖွားရှင်သန်ဖို့ ရေ၊မြေ၊ရာသီဥတု ကောင်းဖို့ အလွန်ကို လိုအပ်ပါတယ်။ သင်ကော အဲ့လိုကောင်းမွန်တဲ့ ရေ၊မြေ၊ရာသီဥတု ပိုင်ဆိုင်ပြီးပြီလား.. မဟုတ်ရင်တော့ သင့်မျိုးစေ့လေးတွေ သင်မှန်းသလောက် နှမ်းထွက်ကိုက်မှာ မဟုတ်ပါဘူး.... မပိုင်ဆိုင်သေးဘူးဆိုရင် သင် မကြိုးစားတော့ဘူးလား.........
မှတ်ချက်။ ။ ပုံလေးကို Mutdfanဆိုဒ်မှ ယူသုံးပါတယ်။
လေးစားလျက် တောင်ပေါ်သား



14 comments:
အလုပ်တွေ တယ်ရှုပ်ပဲ
အပြေးကို တင်ရတယ်နော် :P
ဘာမှမလုပ်လိုဘူး
ပြုစုပျိုးထောင်ပေးရမယ်
အထွက်တိုးအောင် လုပ်ရမယ်
ကဲ ကတောင်ပေါ် ဘာဆက်လုပ်မလည်း
ကိုတောင်ပေါ် မြောက်ပေါ်လေးရော ..ခု သုတေသန ပညာရှင်ကြီး လုပ်နေဘီ ထင်ဒယ်....ဟဲ ဟဲ...
ဆက်လုပ်ပါ ... ဝါသနာ ပါရာဆက်လုပ်..
တကယ်ဖြစ်ချင် တကယ်လုပ် ..
အဟုတ် ဖြစ်ရမည် ပေါ့ကွယ်...
ဖွားကိ တော့ အငြိမ့် က ..မယ် ။ လယ်စိုက်မယ် .. အဟေးဟေးဟေး....
ထိတယ် ဖြည်းဖြည်း သွားနော်။ :)
ဒီကာတွန်းလေး ဖတ်ဖူးတယ်။
လူဆိုတာလောဘကြီးတတ်တဲ့သတ္တ၀ါတစ်မျိုးပဲ။ ဟိဟိ အဲတော့လည်း အမှန်းလွန်တာပေါ့။
လူကြီးတွေပြောတာကြားဖူးတာတော့ ရင်လောက်တင်မှ ခါးလောက်ကျတယ်ဆိုလား...။ အဲဒီတော့ မှန်းချက်က တော့ကန်းကုန်ပေါ့၊ နှမ်းထွက်ကတော့ ရာသီဥတုပေါ် မှာမူတည်သလားလို့း)
တောင်တောင်ရေ..
ကာတွန်းလေးက ကွက်တိကို ထိတာပါပဲ.. မျှဝေပေးတာ ကျေးဇူးပါ..။
မျိုးစေ့လေးတွေ ပေါက်ဖွားရှင်သန်ဖို့ ရေ၊မြေ၊ရာသီဥတု ကောင်းတွေ ရှာရဖွေရဦးမယ်..
ဒို့ရေဒို့မြေမှာပဲ ရာသီဥတုကောင်းဖို့ ဆုတောင်းရင်း မှန်းသလောက်ထွက်ချင်မိတယ်..
ချစ်ခင်စွာဖြင့်..
ဦးနော်၊ တီငယ်
မိုက်တယ်ဟေ့... နှမ်းထွက် ကောင်းမကောင်းတော့မသိဘူး....
တကုတ်ကုတ်နဲ့ အလုပ်တော့ရှုပ်နေတာပဲ..
ဖိုးမောင်
ကဲ ငယ်ငယ်တုန်းက ဘာလုပ်မိသလဲ ပြန်စဉ်းစားမယ်
...
...
...
မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာတော့ ပြောမနေနဲ့။ ကြိုးစားဖို့လိုသေးပါတယ် လို့ထင်ပါတယ်။
ဒီလိုလေးတွေ သဘောကျတယ်။ ထပ်တင်ပါဦး။
တောင်ပေါ်ရေ လေးစားပါတယ် ဆက်လုပ်ပါ အဲလေ ဆက်တင်ပါနော့ အားပေးနေမယ်။
ရင်လောက်မှန်း မှ ဒူးလောက်တင် တဲ့ကြားဖူးတာပဲ...ဒီ ပန်းချီးလေး နဲ့ ကွက်တိပဲ...။ ကြိုက်တယ်..။
စာဖတ်သူတွေရဲ့ ရင်ထဲ တအားထိုးဖောက်သွား
တာ ဒီလို ဟာသတွေပါ သိပ်သဘောကျပါတယ်
ကျေးဇူး
ရန်ကုန်သား
:D
တွေးစရာတွေ တော်တော် များသွားတယ်ဗျာ။
အဟေဟေ.. ဟုတ်တယ်ဗျာ... ဘာပြောရမှန်းတောင် မသိတော့ဘူး မှန်လွန်းလို့ ပြောရခက်နေ။ပြီဗျာ..။
Post a Comment