အမေသို့ လွမ်းချင်း


မနက်စောစော အိပ်ယာထတာနဲ့
အမေ့ရဲ့ ပဲပြုတ်ထမင်းလေးကိုလွမ်းတယ်
ရသမျိုးစုံပါတဲ့ လူကုံထံတွေဆီက ညထမင်းဝိုင်းလေးထက်
မိသားစုလက်စုံစားခဲ့ဖူးတဲ့ စားပွဲဝိုင်းလေးကို ပိုလွမ်းနေဆဲပါ အမေ....

တခါတရံ နွေးထွေးမူတွေလိုအပ်တိုင်း
အမေ့ရဲ့ ရင်ခွင်ထဲမှာ ခိုလှုံချင်နေမိတယ်
အခုတော့အထီးကျန် တယောက်ထဲ
ဘ၀ရဲ့ လမ်းတွေပေါ် ဖြတ်သန်းနေဆဲပေါ့ အမေ....

ချောမွေ့တဲ့လမ်းတွေပေါ်မှာ နှစ်သက်စွာ
တယောက်ထဲ ဖြတ်သန်းရင်
လမ်းကြမ်းတွေရောက်ရင် အမေ့ရဲ့အားပေးမူတွေယူပြီး
ကြိုးစားရုန်းကန် ဖြတ်သန်းနေရစမြဲပါ အမေ....

ထွေလီများပြားတဲ့ လူစရိုက်တွေကြားမှာ
အမေသင်ပေးခဲ့တဲ့ ဘ၀လူမူဆက်ဆံရေးလေးကို
မလွဲမှားအောင်ကြိုးစားရင် လူမျိုးစုံ လူပေါင်းစုံနဲ့
အခုနေတတ်စပြုနေပါပြီ အမေ....



လေးစားလျက် တောင်ပေါ်သား

24 comments:

မိုးခါး said...

နေတတ်စပြုရုံပဲ ရှိသေးလား ........

မေဇင် said...

း)) အခတ် အခဲတွေ ကြုံတိုင်း.... အမေ ကိုသတိရတာ..သားသမီးတွေ ရဲ့ တူညီသော ခံစားမှုပါပဲ....။

နွေးနေခြည် said...

အမေ့ကို လွမ်းတယ်...

အိုက်ခီလောက် said...

အင်း ကမွတ်ဆိတ် ကအမေ့ကိုလွမ်းတယ်
နာ့ကတော့အမေ့ရင့်ငွေ့ ခဏတာသွားခိုလှုံတော့မယ်
လွမ်းတယ်ဟာ နင့်ပြောသလိုပဲ နော် အမေကိုတစ်အားသတိရတယ်

ရေတမာ said...

အမေများအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေ

kiki said...

အမေ မေတ္တာ စေတနာတွေ အဝေးရောက်နေကြမှ ပိုလွမ်းကြတာ နော် ။။
တူတူ လွမ်းသွားပါ၏ ။

အမေ အားလုံး ကျန်းမာ ပျော်ရွှင် ကြပါစေ..

ခင်မင်လျှက်
မကိ

yangonthar said...

အမေ့ရင်ခွင်ကို တမ်းတနေမိတာ နေ့ ရက် အချိန်တိုင်းပါပဲ ကို တောင်ပေါ်သားရေ
အမေ့မေတ္တာလောက် အေးမြတဲ့ ပြည့်စုံတဲ့
အရာ ဒီလောကမှာ မရှိနိုင်ပါဘူး အမေပေးတဲ့ ခွန်အားလောက်ကြီးမားတာ ဒီလောကမှာ
မရရှိနိုင်ပါဘူး ....
ကဗျာလေးဖတ်ပြီး အမေ့ရင်ခွင့်မှာ တခဏ
တော့ မှေးစက်ချင်စမ်းပါဘိ
ကိုတောင်ပေါ်သားရေ

ခင်မင်လျှက်
ရန်ကုန်သား

flowerpoem said...

အမေ့ရင်ခွင်မှာ အမြဲခိုနားချင်ပါတယ်
ကိုတောင်ပေါ်သားရေးတာကို ဖတ်ပြီး တကယ်ခံစားရပါတယ်..

သံလွင် HeRo said...

အမေအားလုံးရဲ့မေတ္တာဟာ
သားသမီးတိုင်းကို ထွန်းလင်းပေးနေတာအမှန်ပါပဲ...
အနေဝေးမှ ငတ်မွတ်မိတာတော့
လုံးဝသေချာတယ်ဗျား...

ပွင့်မြုးဇင် said...

အမေကိုလွမ်းတဲ့ သီချင်းလေးနားထောင်ရင်း အမေကိုလွမ်းတဲ့ ကဗျာလေးဖတ်ရတာ အရမ်းကောင်းပါတယ်...

မောင်ဖားကြီး said...

ထွေလီများပြားတဲ့ လူစရိုက်တွေကြားမှာ
အမေသင်ပေးခဲ့တဲ့ ဘ၀လူမူဆက်ဆံရေးလေးကို
မလွဲမှားအောင်ကြိုးစားရင် လူမျိုးစုံ လူပေါင်းစုံနဲ့
အခုနေတတ်စပြုနေပါပြီ အမေ....

နောက်ဆုံးအပိုဒ်လေးက တကယ်ကိုဆွေးဆွေးမြည့်မြည့်ခံစားလိုက်ရပါတယ်ဗျာ ... ကျွန်တော်ဖတ်ကြည့်တာတော့ မချိတင်ကဲလေသံလေးနဲ့ ပြောလိုက်သလိုပဲဗျာ

ဖိုးစိန် said...

မေမေချစ်တဲ့သား

စိန်စိန်ကိုလဲ ချစ်မယ်ဆိုတာ ယုံပြီးသား


ချစ်တဲ့
စိန်စိန်

ဆောင်းနှင်းရွက် said...

အခက်အခဲ နဲ့ ကြုံတွေ့ရတိုင်း
အမေ ရဲ့ မေတ္တာ ကို
လိုချင်ကြတာ အမှန်ပါ ။

အနေဝေးနေတဲ့ အချိန်
မိဘ ရဲ့
မေတ္တာ၊ ကရုဏာ၊ စေတနာ ကို
ပိုပြီး လိုချင် တောင်းတမိတယ် ။

အိမ် said...

လုပ်ပြီဗျာ.... အမေ့ကို သတိတောင် ရသွားပြီ။ အကိုရေ နားလည်ပါတယ်ဗျာ ဒါမျိုးတွေက အဝေးရောက်သားတိုင်း ခံစားနေရတဲ့ ခံစားချက်လေးပါ။ အဲဒါလေးကို ကဗျာအနေနဲ့ ရေးဖွဲ့ပြတော့ ကျနော်တို့လို အဝေးရောက်သားတွေရဲ့ နုလုံးသားကို လှုပ်ခေတ်သွားစေတယ်ဗျာ။

အိမ် said...

လုပ်ပြီဗျာ.... အမေ့ကို သတိတောင် ရသွားပြီ။ အကိုရေ နားလည်ပါတယ်ဗျာ ဒါမျိုးတွေက အဝေးရောက်သားတိုင်း ခံစားနေရတဲ့ ခံစားချက်လေးပါ။ အဲဒါလေးကို ကဗျာအနေနဲ့ ရေးဖွဲ့ပြတော့ ကျနော်တို့လို အဝေးရောက်သားတွေရဲ့ နုလုံးသားကို လှုပ်ခေတ်သွားစေတယ်ဗျာ။

ဏီ(န်)ကင်း said...

အေးပါဗျာ..အမေ့ထက်လွမ်းရမယ့်သူမရှိတာက အပူတစ်မျိုးသက်သာတာပေါ့ဗျာ....

ကိုအောင်(ပျူနိုင်ငံ) said...

အမေကို လွမ်းတဲ့ ကဗျာလေးကို ဖတ်သွားတယ်၊ အားပေးလျက်ပါ။

မြစ်ကျိုးအင်း said...

သီချင်းသံလေးနဲ့ ကဗျာဖတ်လိုက်ရတာ မေမေ့ကို အရမ်းလွမ်းသွားပြီဗျာ။အားလုံးပဲ အမြန်ဆုံး ပြန်ဆုံကြပါစေဗျာ

ဝက်ဝံလေး said...

အွန်းးး သူလုပ်မှပဲ ပိုလွမ်းသွားပြီ ဟွန်းးးးး

ဝက်ဝံလေး said...

တူ့ကဗျာလေး ဖတ်ပြီး လွမ်းနေရတာနဲ့တင် လာရင်း ကိစ္စ မေ့သွားတယ် ပြောချင်ဘူး ဂမယ် တောင်ပေါ်သား (ခါးပေါ်လက်ထောက်၍ လက်ညိုးငေါက်ငေါက်ထိုး၍) ပြင်ထားပါ ဘလော့ဂ်ဂါ ကောင်စီရုံးမှာ လက်မှတ်ထိုးဖို့ ကြားလား ဘာအမှုလဲ သိချင်လား ဖွားကိ အိမ်မှာ comment ၄ ခု ယူမှု ဒါဗြဲ ဟွန်းးးးးးးး

ဝက်ဝံလေး said...

ဒါပေမယ့် များက သနားတတ် ကြင်နာတတ်ပါတယ်နော် ဟွင်းးးးး လျှော့ရက် ၁၈ လ ရမယ်နော် သိလား ဟက် ဘိုင် တာ့တာ

မေသူ said...

ခံစားချက်ကို နားလည်ပါ၏.

စည်သူ said...

ဟုတ်တယ် ကိုတောင်ပေါ်သားဗျာ..

အရမ်းကိုလွမ်းသွားတယ်.. သတိရသွားတယ်.. (ပိုပြီးတော့)..

သီချင်းသံနှင့်အတူပေါ့ ကိုတောင်ပေါ်သားရေ..
ကြက်သီးတွေတောင်ထပြီး.. အမေကိုအရမ်းလွမ်းသွားတယ်..

ကျွန်တော်နှင့်တကွ အားလုံးသော ညီကိုမောင်နှမများရဲ့ “အမေ” များ ကျန်းမာကြပါစေလို့ ကိုတောင်ပေါ်သားနှင့်အတူ တောင်ဆုပြုလိုက်ပါတယ်..

ခင်မင်စွာဖြင့်
စည်သူ။

ဇီးကုန်းသာယာ said...

ကောင်းတယ်ဗျို့.. ဖက်ရတာ.. အရသာ ရှိတယ်.. :)

စုစုပေါင်း အမှတ်တရ

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP