စစ်မဲ့ကမ္ဘာ


တခါတရံမှာ
မကြုံခဲ့ဖူးတဲ့ အတိတ်ကိုပြန်တွေးကြည့်မိပြီး
ရင်ထဲမှာ အသဲပေါက်မတတ်နာကျဉ်းတတ်ခဲ့မိတယ်
ရက်စက်မူတွေနဲ့ လွှမ်းမိုးနေခဲ့တဲ့ အဖြစ်ဆိုး
လူသားချင်း စာနာမူတွေ ပျောက်ဆုံးနေခဲ့တဲ့ အဖြစ်တွေ
စစ်မက်ကိုလိုလားတဲ့ အာဏာရှင်တွေကြောင့်
ပြည်သူတွေသာ မြေဇာပင်အဖြစ်အသွင်ပြောင်းလို့ပေါ့.....

တကမ္ဘာလုံးမှာ ယမ်းငွေ့တွေနဲ့ ပြည့်နှက်လို့
ပြုစုသူမရှိတဲ့ မိဘမဲ့ကလေးငယ်တွေရဲ့ဘဝ
အနာဂတ်မျိုးဆက်ကို ဘယ်လိုမွေးထုတ်ပေးနိုင်မှာလဲ
အပြစ်ရှိသူပြုကျင့်သူများ အမှားနောင်တရစေကာမူ၊
လက်ရှိချိန်မှာ ၀န်ခံကြပြီ ဤသို့ဆိုလျှင်
ပြုခဲ့အပြစ် အကုန်ကြေကောလား
သင်ပြုသည့်ကံ သင်ထံပြန်မည်သာ.......

ဗုံးဒဏ်တွေကြားထဲက ကလေးငယ်တွေ
စစ်သေနတ်သံကြားထဲက မိသားစုတွေ
အရွယ်မရောက် ကျောင်းသားငယ်တွေ
တွေးထင်ကြည့်လိုက်စမ်းပါ အပြစ်ရှိသူ ဘယ်သူပါလဲ
အဘယ်စစ်က တရားသလဲ
တရားသောစစ်ဆိုတာ ဒီမြေပြင်မှာမရှိဘူး

ပထမကမ္ဘာစစ်မှာ ဘယ်သူတွေ အမြတ်ရခဲ့သလဲ
ဘယ်သူတွေ ဆုံးရှုံးခဲ့သလဲ တွေးမြင်စရာမလို
ဒုတိယကမ္ဘာစစ်မှာကော ဘယ်သူတွေ မှားခဲ့သလဲ
ဘယ်သူတွေ အမှန်တရားကို လက်ကိုင်ပြုနိုင်ခဲ့လို့လဲ
နောက်ဆုံးရခဲ့တဲ့ အဖြေတခုက
အနာဂတ်မျိုးဆက်တခုလုံး စွဲထင်နေမဲ့၊ ထင်ကျန်နေမဲ့
သေရာပါ ရောဂါဆိုးတွေသာ.......

လက်ရှိအချိန် လူတိုင်းလိုချင်နေတာ
အေးချမ်းသာယာ ပြည့်စုံတဲ့ မိသားစုဘဝ
လက်နက်တွေအစား သံလွင်ခက်လေးတွေ
ကိုင်ထားတဲ့ သင်တို့ရဲ့လက်
စစ်မဲ့ကမ္ဘာ......



လေးစားလျက် တောင်ပေါ်သား

14 comments:

yangonthar said...

ကိုတောင်ပေါ်သားရေ
ကဗျာလေးလာဖတ်သွားပါတယ်
ငြိမ်းချမ်းသော ကမ္ဘာကိုသာ မြင်နေချင်ပါတယ် အတ္တလောဘတွေ များနေတဲ့ ဒီခေတ်အခါမှာ
ကြားထဲက မြေစာပင်တွေဖြစ်ရတဲ့အတွက် တွေးမိတိုင်းကြေကွဲ ဝမ်းနည်းမိတယ်
လေးစားလျှက်
ရန်ကုန်သား :)
အေးမြသာယာပါစေ

kiki said...

ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ ။
ကမ္ဘာသားများ စစ်နဲ့ ဝေးပါစေ ။

ုငြိမ်းချမ်းရေး ဂျိုးငှက်ငယ်များ
ကောင်းကင်ကျယ်ကြီးထဲမှာ လွတ်လပ်စွာ ပျံသန်းခွင့် ရကြပါစေ ။

ဝိုင်းဝန်းလုပ်ဆောင်ရမဲ့ တွဲလက်တွေ ညီညာ ခိုင်မြဲပါစေ ..

အားပေးလျှက်ပါ ကိုတောင်ပေါ်ရေ...

မိုးခါး said...

မမကိကိ ဆုတောင်းသလိုပဲ ဆုတောင်းသွားပါတယ် .. ဖတ်ပြီး ဘာပြောရမှန်း မသိဖြစ်သွားလို့ .. ငြိမ်းချမ်းရေးအသီးအပွင့်တွေကို မြန်မာ ပြည်သူပြည်သားတွေ သိရှိ ခံစားနိုင်ပါစေ (အမြန်ဆုံးပေါ့) ..

ဒီကဗျာကို သီချင်းလုပ်ဆိုရင်ကောင်းမလားပဲ ..း)

ဖိုးစိန် said...

အချစ်တွေ ရှိနေရင်

စစ်ဆိုတာ မဲ့နေမှာပါ....



ပေါ်နဲ့ စိန့် ကြားမှာ အချစ်တွေ ပဲရှိတယ်နော်

စစ်မဲ့ တဲ့ အချစ်များပေါ့

း)း)

ချစ်တဲ့

စိန်

မေသူ said...

ကဗျာလာဖတ်ပါတယ် အစ်ကိုရေ့ ။ လူဆိုလဲ လူအလျောက်၊ နိုင်ငံဆိုလဲ နိုင်ငံအလျောက် လိုချင်တပ်မက်မှုနောက် လိုက်နေကြသမျှတော့ စစ်တော့မဲ့မယ် မမျှော်လင့်ရဲပါဘူး အစ်ကိုရေ။

အေးချမ်းတည်ငြိမ် ငြိမ်းချမ်းတဲ့ဘဝ လူသားတိုင်း၊ သတ္တဝါတိုင်း ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းလျက်။

စည်သူ said...

ဟုတ်ပါတယ် ကိုတောင်ပေါ်သား..

ဘာပြောရမှန်းတောင် မသိပါဘူးဗျာ..
ပြောရင်.. ဒေါပါလို့ပါ..

ပျော်ရွှင်ပါစေ...

ဝက်ဝံလေး said...

ဟေးးး တောင်ပေါ်သားရေ ရောက်တယ်ဝေ့(တောင်ပေါ်လေသံနဲ့ပြောကြည့်တာ တူလားဟင်)

ဖတ်တယ်ဝေ့

ပြန်တယ်ဝေ့ ဟိဟိ

လိုက်ထော်နဲ့တော့နော် ရှိတော့ဘူးသိရား ဟဟဟဟ

သံလွင် HeRo said...

heal the world, make it better place...
for you and for me and the entire human race...
အာဂါတတွေနဲ့အတူ ကူးမြန်တဲ့စစ်မီးကြောင့်
ကမ္ဘာပြည်သူတွေ ဒုက္ခမျိုးစုံခံစား
ရဖူးပြီးပြီ...
ထို့ကြောင့် ထာဝရငြိမ်းချမ်းသော ကမ္ဘာမြေ
ဖြင့်ထာဝရ တည်တဲ့ခိုင်မြဲပြီး တတိယကမ္ဘာစစ်မှ
ကင်းဝေးကြပါစေ...

အိုက်ခီလောက် said...

အေးချမ်းချင်ပြီ ကတောင်ပေါ်ရယ်
ပြန်တိုင်းမြင်နေရမယ့်မြင်ကွင်းတွေကို ခံစားနေရတာမသက်သာလှပါ
ရွာပြန်လမ်းတစ်လျှောက်မှာ မြင်နေရတဲ့ မြင်ကွင်းတွေ
ရိုးသားတဲ့လူတွေ ကျေးလက်နေ ပြည်သူ တွေ အမြန်အေးချမ်းပါစေလို့ ဆုတောင်းပေးနေမိတယ်
ခုတစ်လော အကြိုက်ခြင်းတူနေလားလို့ 
တစ်ခွက်တစ်ဖလားကစ်မလား

ကိုအောင်(ပျူနိုင်ငံ) said...

စစ်မဲ့ကမ္ဘာ ဆိုတဲ့ ကဗျာကို ဖတ်ရူသွားပါတယ်၊ အားပေး
လျက်ပါ။

မြရေလျဉ် said...

လူအချင်းချင်းလည်းမေတ္တာထားလို့ ကြီးသူကလည်းငယ်သူတွေကို (အထူးသဖြင့်တို့တိုင်းပြည်မှာ)သနားကြမယ်ဆိုရင်ပေါ့လေ.ဘယ်လောက်ကောင်းလိုက်မလဲ...

ဇော် said...

စစ်မဲ့ကမ္ဘာဆိုတာ ကောင်းကင်ဘုံလားဟင် ...
အဲ့ဒီမှာ ဘုရားရှိနေတယ်လေ ...

အိမ် said...

စစ်မဲ့ကမ္ဘာဖြစ်ချင်ရင်တော့ လူတွေအကုန်သတ်လိုက် အဲဒါဆိုရင်တော့ လုံးဝငြိမ်းချမ်းသော ကမ္ဘာဖြစ်လာမှာ သေချာတယ်။ ဟီး

စုစုပေါင်း အမှတ်တရ

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP