ဖိတ်ခေါ်ပါတယ်


အောက်တိုဘာ 25 ရက်နေ့ဆို ကျနော်တို့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကြီး စတော့မှာပါ။ အခုချိန်လောက်ဆို တောင်ကြီးမြို့လေးမှာပဲ စည်ကားနေလောက်ပါပြီ။ ညပိုင်းဆိုလဲ အပျော်တမ်းလွှတ်တဲ့ မီးပုံပျံလေးတွေနဲ့ ကောင်းကင်မှာ အလင်းစက်ကလေးတွေ များနေလောက်ရောပေါ့။ ကျနော်တို့လို အဝေးရောက် မြို့သူ၊မြို့သားတွေအတွက်ကတော့ လွမ်းရပြန်ပြီ နောက်တနှစ်ပါပဲ။ ဒါပေမဲ့ လူကိုယ်တိုင် မကဲနိုင်ပေမဲ့ ကျနော်တို့အားလုံး အဆင်ပြေအောင် အကုန်မပြည့်စုံပေမဲ့ အလွမ်းတွေအနဲငယ်ပြေပျောက်စေအောင် ရည်ရွယ်ပြီး တောင်ကြီးမြို့သူ၊မြို့သားများက အင်တာနက်ပေါ်ကနေပြီးတော့ Live လွှင့်တင်ပေးပါမယ်။ ဒီအတွက် အရမ်းကို ကျေနပ်အားရမိပါတယ်။ ဘယ်သူတွေ ဘာပြောပြော ကျနော်တို့ တောင်ပေါ်သားတွေအတွက် ဂုဏ်ယူရပါတယ်။

ဒီလို Live လွှင့်နိုင်ဖို့အတွက် များစွာသော အခက်အခဲတွေ ရှိပါတယ်။ ဒီအခက်အခဲတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး အဝေးရောက်လူတွေအတွက် ဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ တောင်ကြီးချယ်ရီမြေ မှ တာဝန်ရှိသူများကို ကျေးဇူးအရမ်းတင်ပါတယ်။ ပြီးတော့ Studio 35 နဲ့တကွ ရှမ်းပြည်နယ်ကွန်ပျူတာ ပညာရှင်အသင်း၊ အင်တာနက်လိုင်းကို ချပေးတဲ့ လူကြီးဆိုသူတွေကိုလဲ ကျေးဇူးတင်ပါတယ်လို့ (ပွဲမပြီးသေးလို့ ကျေးဇူးပါ အဟီး) ပြောလိုပါတယ်။ ကျနော်ချစ်တဲ့ သူငယ်ချင်းများ၊ ဘလော့ညီအကို၊မောင်နှမများလဲ အပျင်းပြေဖြစ်စေ၊ မမြင်ဖူးတဲ့လူတွေဖြစ်စေ ဒီနေရာမှာ တူတူလာကြည့်နိုင်ပါတယ်။ ပျော်ရွှင်စရာ တောင်ကြီးချယ်ရီမြေ ရဲ့ ဒီနေရာမှာ 25 ရက်နေ့က စပြီး ဆုံတွေ့ကြပါစို့လားဗျာ



*** ပုံကို တောင်ကြီးချယ်ရီမြေမှ ယူထားပါသည်။ ***



လေးစားလျက် တောင်ပေါ်သား

22 comments:

မေသူ said...

အယ် တောင်ကြီးတန်ဆောင်တိုင် မရောက်ဖူးဘူး....

အဟမ်းးးးး ကြည့်ရတာပေါ့.... ပျော်စရာကြီးနေမှာပဲ...

ဒါနဲ့ စကားမစပ်.... 25ရက်နေ့ ဘယ်အချိန်ကြည့်ကြည့်ပေါ့.......

အီးးးး အချိန်လဲ မပါဘူးးးးးးးးးးးး :(

မေသူ said...

အဟမ်းးးး မေသူ အရင်ဆုံးရောက်လာပါလားးးး

သွားပြီးးးးးး စီပုံးမှာသွားဆော့ဦးမယ် :D

တလနွန် said...

ကိုတောင်ပေါ်ရေ ၂၅ ရက်နေ့ နော်။ ကြည့်အုံးမယ် :P

တောင်ပေါ်သား said...

---မေသူ----

အချိန်ကတော့ ညပိုင်းမှာပါ မြန်မာစံတော်ချိန် ၈ နာရီကနေ ညပိုင်း ၃၊၄နာရီလောက်ထိ ဖြစ်မယ်ထင်တယ် ပြသတာကတော့ အင်တာနက်လိုင်းပေါ်မူတည်နေတော့ သေချာမပြောတတ်ပါဘူး

လေးစားလျက်
တောင်ပေါ်သား

ဒဏ္ဍာရီ said...

ရှမ်းပြည်ကို တခါမှ မရောက်ဘူးဘူး။ သူများတွေ ပြောနေတဲ့ တောင်ကြီး မီးပုံးပျံပွဲ ဆိုတာတော့ ကြားဘူးနေတယ်။ တနေ့နေ့တော့ သွားလည်ဖြစ်မယ် ထင်ပါတယ် ကိုတောင်ပေါ်။

ခင်မင်လေးစားလျှက်

မိုးခါး said...

အင်း
ခု မြန်မာနိုင်ငံမှာ မရှိနေတော့ ကြည်ဖူးတယ် ရှိအောင် ကြည့်လိုက်ဦးမယ်
အဆင်ပြေလို့ မြန်မာနိုင်ငံ ရောက်နေရင်လည်း သွားဖူးတယ်ရှိအောင် သွားဖို့ လုပ်ဦးမှ .. :D

စိမ်း... said...

လာမယ် လာမယ် တောင်ကြီးချယ်ရီမြေကိုပြောတာ... နှစ်တိုင်းစောင့်ကြည့်နေကြ... :)

ရေတမာ said...

ဟုတ်ပါ့ ဟုတ်ပါ့

စည်သူ said...

အင်း..
မရာက်ဖူး.. ကြားသာကြားဖူး၏

လာကြည့်အုံးမယ်..
အိမ်ရှင်က ဘာနဲ့ဧည့်ခံမှာလဲ..း)

စိုင်းစိုင်းလားရှိုး said...

တောင်ပေါ်သားရေ ကဗျာ ကြိုစပ်ထားလိုက်မယ်ကွာ

flowerpoem said...

တောင်ကြီးတန်ဆောင်တိုင် က အရမ်းပျော်ဖို့ကောင်းတယ် ရောက်ဖူးတယ် ဒါပေမယ့် ထပ်သွားချင်သေးတယ်

သံလွင် HeRo said...

တောင်ကြီးတန်ဆောင်တိုင်ကိုတော့မရောက်
ဖူးသေးဘူးဗျာ...ဒါပေမဲ့မနှစ်ကတော့ အော်လိုင်း
ပွဲဈေးတန်းလျှောက်ဖြစ်တယ်...ဒီနှစ်လည်း
လာဖြစ်အောင်လာလျှောက်ပါ့မယ်ဗျာ...
ခေါင်ရည်ရောင်းဖို့ ဆိုင်ခန်းတစ်ခန်းလောက်
လျှောက်ပေးပါ။း)

ငချမ်းကောင် said...

ကောင်ကြီးရေ...လာအားပေးပါ့မယ်။ တောင်ကြီးတန်ဆောင်တိုင်ကို လူကိုယ်တိုင် မရောက်ဖူးပေမယ့် ရုပ်မြင်သံကြားမှာတော့ နှစ်တိုင်းလိုလို စောင့်ကြည့်ဖြစ်တယ်။ တကယ့်ကို အံ့မခမ်းပါပဲဗျာ။ တခါလောက်တော့ ရောက်ဖူးချင်တယ်။ ရှမ်းခေါက်ဆွဲလေးစားရင်း တဝကြီး ငေးကြည့်ချင်လို့။ မီးပုံးပျံကြီးတွေကိုပြောတာနော်။ ဆိုင်ရှင်ကောင်မလေးကို ပြောတာဟုတ်ဘူးရယ်။

ဝက်ဝံလေး said...

အယ် ပျော်စရာကြီးနေမှာ တွားချင်တယ် ရိုက်ပို့ပေးမရား ရို့

ညီညီ said...

လာကြည့်မယ်ဗျို့. တောင်းကြီးတော့ရောက်ဘူးတယ်. တန်ဆောင်တိုင်ပွဲ တစ်ခါမှမရောက်ဖူးလို့..။ တစ်ခေါက်တော့ ကြုံအောင်သွားမယ်ဗျာ.။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

ဖိုးစိန် said...

ပေါ်မြို့ လေးက စိန့်မြို့လေးပါပဲ...

နော်...

ပေါ်ရေ

တနေ့နေ့တော့ တူတူပျော်ကြမယ်

ချစ်တဲ့

စိန်

အိမ် said...

တခါတခေါက်တော့ အရောက်လာဦးမယ်ဗျာ တခါမှမရောက်ဖူးလို့..။

Nay Linn said...

Hi

I had been Taungyi 8 years ago. It is beautiful city. I cannt forget that trip to Shan state. I went to Pintaya and Inlay. I love Shan State and Shan people. I want to visit Shan State again. May be I will go there next year when I visit Myanmar.
Anyway I like the songs you uploaded in your blog. I miss my mother these days....Cannt control myself not to cry.

မချစ်ရ said...

ဒီနှစ်တော့မသွားနိုင်လို့စိတ်ညစ်နေတာ
အပြင်မှာကြည့်ရတဲ့အရသာကဘယ်လိုပြောရမှန်း မသိအောင်ကိုကောင်းတယ်မီးကြည်မီးပုံးဆို
ပြေးလွှားရတာပျော်ဖို့ကောင်းတယ်..နော်
သတိရလိုက်တာတောင်ကြီးတန်ဆောင်တိုင်ရယ်

NetizeN said...

လျှာ....

တခုထဲပါပဲ ဒါပေမဲ့ရှုပ်တယ်..

ဒီတစ်လုံးနဲ့ကို တော်တော် ပြည့်စုံထိမိတဲ့ စကားလုံးလေးဗျာ.. ကျနော်က ကဗျာတွေ မရေးတတ်ပေမယ့် ကဗျာတွေတော့ ကြိုက်တယ်

pandora said...

မနှစ်ကလည်း စောင့်ကြည့်ဖြစ်တယ်.. အစီအစဉ်တင်ဆက်သူတွေကို ကျေးဇူးတင်တယ်

kiki said...

အယ်...
လာတာတောင်နောက်ကျနေပြီ..
ဟဲ .. ခုမှ တရေးနိုး ထကြည့်ရတာ ..

စုစုပေါင်း အမှတ်တရ

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP